back

ဘာစီလိုနာဆယ်ကျော်သက် ယမားလ် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်လာ၊ ဟာလန်းနှင့် အမ်ဘာပေတို့ကို အပြတ်အသတ်အသာရ

Jun 07 • 8:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာဆယ်ကျော်သက် ယမားလ် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်လာ၊ ဟာလန်းနှင့် အမ်ဘာပေတို့ကို အပြတ်အသတ်အသာရ

CIES Football Observatory ၏ ကစားသမားများ၏ အသက်၊ စာချုပ်နှင့် စွမ်းဆောင်ရည် စသည့်အချက်အလက်များအပေါ် အခြေခံတွက်ချက်ထားသည့် စစ်တမ်းအရ ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်တိ...

CIES Football Observatory ၏ ကစားသမားများ၏ အသက်၊ စာချုပ်နှင့် စွမ်းဆောင်ရည် စသည့်အချက်အလက်များအပေါ် အခြေခံတွက်ချက်ထားသည့် စစ်တမ်းအရ ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်တိုက်စစ်မှူး လာမင်းယမားလ်သည် ယူရို ၃၅၈.၁ သန်းဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ၎င်း၏တန်ဖိုးသည် မန်စီးတီးတိုက်စစ်မှူး ဟာလန်း (ယူရို ၂၂၇.၃ သန်း) ထက် တစ်ဆခွဲကျော်၊ ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ (ယူရို ၁၆၅.၇ သန်း) ထက် နှစ်ဆကျော် ပိုမိုများပြားနေသည်။ အဆိုပါ တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀၀ ဦးစာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် အိုလီဆေး၊ မော်ဂန်ရော်ဂျာစ်၊ ဒူအေ၊ ယီလ်ဒစ်ဇ်၊ အိုရိုင်လီ၊ ဂူလာနှင့် ကူဘာဆီတို့ ပါဝင်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ဇွန်လစာရင်းနှင့် နှိုင်းယှဉ်ပါက လိုက်ပ်ဇစ်အသင်းမှ ဒီယိုမန်ဒီသည် ယူရို ၁၁၆ သန်းဖြင့် တန်ဖိုးအမြင့်တက်ဆုံး ဖြစ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဂမ်မှာမူ ယူရို ၁၁၃ သန်းအထိ တန်ဖိုးအကျဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

39