back

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ပြီး မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးဇလသတိပေး

Jun 07 • 8:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ပြီး မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးဇလသတိပေး

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်...

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြားမှ နေရာကျဲကျဲအထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသဖြင့် ၎င်းရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုရန် အကြံပြုထားသည့်အပြင် လာမည့် ၂ ရက်အတွင်း၌လည်း ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ၈ ခုတွင် နေရာကွက်၍ မိုးဆက်လက်ကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

news-view-count-icon

66