back

ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး

Jun 07 • 8:02 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ပုသိမ်မြို့၌ ဧရာဝတီအခြေစိုက်အမျိုးသားနှင့် အမျိုးသမီးကလပ် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းနှင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့၏ ၂၀၂၆-၂၇ ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်များကို ပုသိမ်...

ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် ဧရာဝတီယူနိုက်တက် အမျိုးသားအသင်းနှင့် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းတို့၏ ၂၀၂၆-၂၇ ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်များကို ပုသိမ်မြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် ကလပ်အ သင်းကိုယ်စားလှယ်များအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်ထံ သွားရောက်တွေ့ဆုံ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။အဆိုပါ တွေ့ဆုံမှုအတွင်း လာမည့်ရာသီတွင် ဒေသခံမိဘပြည်သူများ မိမိတို့ဒေသကွင်းအတွင်း ဘောလုံးပွဲစဉ်များကို အနီးကပ်ကြည့်ရှုအားပေးနိုင်ရေး၊ အိမ်ကွင်းပြိုင်ပွဲများ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားကဏ္ဍတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

news-view-count-icon

17