ကြွက်သားဒဏ်ရာပြဿနာရှိနေသည့် အသင်းခေါင်းဆောင် မက်ဆီ ပွဲပြန်ကစားနိုင်မည့်အချိန်နှင့် ပတ်သက်၍ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဆေးပညာအရ ကုသမှုလုပ်ငန်းစဉ်အပေါ်တွင်သာ မူတည်သဖြင့် အတိအကျမပြောနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်အသင်းကို လော်တာရိုမာတီနက်ဇ်နှင့် ဂျူလီယာနိုဆီမြွန်နီတို့၏ ဂိုးများဖြင့် ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင်လည်း မက်ဆီသည် အရန်ခုံတန်း၌သာ ရှိနေခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ၂၆ ပွဲဖြင့် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့် မက်ဆီသည် ကမ္ဘာ့ဖလားဂိုးအများဆုံးစံချိန်ရှင် ဂျာမနီတိုက်စစ်မှူး ကလိုဆေး၏ ၁၆ ဂိုးစံချိန်ကို ကျော်ဖြတ်ရန် ၄ ဂိုးသာ လိုအပ်တော့ကြောင်းလည်း သိရသည်။
Jun 07 • 7:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 41 | 0 | 0 | 0 |


