back

မော်တော်ယာဉ်နံပါတ်ပြား မထင်ရှားပါက ဒဏ်ငွေ ၃ သိန်းနှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်

Jun 07 • 7:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မော်တော်ယာဉ်နံပါတ်ပြား မထင်ရှားပါက ဒဏ်ငွေ ၃ သိန်းနှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ မော်တော်ယာဉ် သို့မဟုတ် ဆိုင်ကယ်များတွင် နံပါတ်ပြားမထင်ရှားခြင်း၊ အခြားယာဉ်နံပါတ်တပ်ခြင်းနှင့် နံ...

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ မော်တော်ယာဉ် သို့မဟုတ် ဆိုင်ကယ်များတွင် နံပါတ်ပြားမထင်ရှားခြင်း၊ အခြားယာဉ်နံပါတ်တပ်ခြင်းနှင့် နံပါတ်ပြားမတပ်ခြင်းတို့ကို ကျူးလွန်ပါက ပုဒ်မ ၉၄ အရ ဒဏ်ငွေ သုံးသိန်းအပြင် ထောင်ဒဏ် သုံးလပါ ကျခံရနိုင်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ ကညနထုတ် ဖောင်းကြွနံပါတ်ပြားများကို သန့်ရှင်းစင်ကြယ်စွာ တပ်ဆင်ရမည်ဖြစ်ပြီး တမင်ဖုံးအုပ်၊ ခေါက်ထားခြင်းများ မပြုလုပ်ရန်နှင့် ပြစ်မှုအလိုက် အခြားပုဒ်မများအတွက်လည်း ဒဏ်ငွေ သုံးသောင်းမှ တစ်သိန်း၊ ထောင်ဒဏ် တစ်လအထိ အသီးသီး သတ်မှတ်ထားသည်။ ယခုကဲ့သို့ ပြစ်ဒဏ်များ တိုးမြှင့်လိုက်ခြင်းအပေါ် ပြည်သူများက ဒဏ်ငွေများ ကိုယ်ကျိုးသုံးစွဲမည်ကို စိုးရိမ်ခြင်း၊ လိုင်စင်သက်တမ်းတိုးစနစ် လွယ်ကူမြန်ဆန်စေချင်ခြင်းနှင့် ဘေးတွဲဆိုင်ကယ် ပြဿနာများကိုပါ ဖြေရှင်းပေးစေလိုခြင်း စသည့် ဝေဖန်တုံ့ပြန်မှုများ ရှိနေသည်။

news-view-count-icon

33