၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အနောက်လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၄) တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းအရ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းနှင့် လယ်ကုန်းနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၅) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။ ထို့ပြင် ကျွန်းပင်သာရပ်ကွက်အရန်မီးသတ်စခန်းမှလည်း ရေသယ်ယာဉ် (၁) စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
Jun 07 • 7:51 AM
မြန်မာ
ကချင်
မျှဝေမည်
| 31 | 0 | 0 | 0 |


