ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ၃၉ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိသည့် ၃၈ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါနယ်မြေများရှိ တရားမဝင်အဆောက်အအုံများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကို စနစ်တကျ ရှင်းလင်းဖျက်ဆီးလျက်ရှိပြီး ဇွန် ၆ ရက်အထိ အဆောက်အအုံ ၃၉ လုံးကို ဖျက်ဆီးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၇၇ လုံးအနက် ၅၇ လုံးကို ယာဉ်ယန္တရား။များဖြင့် ဖြိုချသွားမည်ဖြစ်ပြီး ကျန် ၂၀ လုံးကို ဖောက်ခွဲဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။
ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်သည့် တရားမဝင်အဆောက်အအုံ ၃၉ လုံး ဖျက်ဆီးပြီး၊ ကျန် ၃၈ လုံး ဆက်လက်ရှင်းလင်းမည်
Jun 07 • 7:45 AM
မြန်မာ
ကရင်
မျှဝေမည်
| 18 | 0 | 0 | 0 |


