back

မန္တလေးတက်တူးဈေးကွက်တွင် အမျိုးသားများထက် အမျိုးသမီးငယ်များကို အဓိကအားထားနေရ

Jun 07 • 6:33 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတက်တူးဈေးကွက်တွင် အမျိုးသားများထက် အမျိုးသမီးငယ်များကို အဓိကအားထားနေရ

မန္တလေးမြို့တွင် အမျိုးသားလူငယ်များ နည်းပါးလာသလို တက်တူးထိုးမှုပါ လျော့နည်းလာခြင်းကြောင့် မြို့သို့ လာရောက်အခြေချနေထိုင်ပြီး ငွေကြေးသုံးစွဲနိုင်သည့် ရွှေ့ပြောင်...

မန္တလေးမြို့တွင် အမျိုးသားလူငယ်များ နည်းပါးလာသလို တက်တူးထိုးမှုပါ လျော့နည်းလာခြင်းကြောင့် မြို့သို့ လာရောက်အခြေချနေထိုင်ပြီး ငွေကြေးသုံးစွဲနိုင်သည့် ရွှေ့ပြောင်းအမျိုးသမီးငယ်များကိုသာ အဓိက အားထားနေရကြောင်း တက်တူးအနုပညာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ အထူးသဖြင့် မန္တလေးသို့ ရောက်ရှိလာသည့် ကိုးကန့်နှင့် တရုတ်အမျိုးသမီးငယ်များကြားတွင် ခန္ဓာကိုယ်ကို တက်တူးဖြင့် အပြိုင်အဆိုင် အလှဆင်သည့် အလေ့အထမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး၊ ဆယ်ကျော်သက်အရွယ်များမှစ၍ အသက် (၅၀) ဝန်းကျင်အထိ ပါဝင်လာကြသည်။ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့် လေးငါးနှစ်အတွင်း အမျိုးသမီးများ တက်တူးထိုးသည့် အလေ့အထမှာ ကျယ်ပြန့်လာခြင်းဖြစ်ပြီး၊ လက်မောင်း၊ လက်ဖျံ၊ ကျောနှင့် ရင်ဘတ်တို့တွင် မင်းသား၊ အဆိုတော်ပုံများအပြင် နေ့နံအလိုက် အဆောင်လက်ဖွဲ့တက်တူးများကိုပါ အမျိုးသားများနှင့် ရင်ဘောင်တန်း၍ ထိုးနှံလာကြသည်။ ၎င်းတက်တူးဈေးကွက်တွင် အရည်အသွေးပေါ်မူတည်၍ တက်တူးတစ်ခုလျှင် အနည်းဆုံး ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ်သိန်းရာဂဏန်းအထိ တန်ကြေးရှိကြောင်း သိရသည်။

news-view-count-icon

78