မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံတို့ရှိ ဒုက္ခသည်များအတွက် အစားအသောက်၊ အာဟာရ၊ ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေးနှင့် အမိုးအကာ ထောက်ပံ့ရေးကဏ္ဍများတွင် အသုံးပြုရန် အမေရိကန်အစိုးရက ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး၊ ယခုထောက်ပံ့မှုသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် သဘောတူညီထားသည့် ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို အတွေ့အကြုံ နှစ် ၈၀ နီးပါးရှိပြီး မြန်မာနိုင်ငံ၌လည်း ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကက်သလစ်ကူညီရေးအဖွဲ့ (CRS) မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ခွဲတမ်းအသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးဟု သိရသည်။ 
မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၂၄၀ ကျော် အမေရိကန်က ထောက်ပံ့ပေးမည်
Jun 07 • 3:52 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


