ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသို့ ကစားသမားများ စေလွှတ်ပေးရသည့် ကလပ်အသင်းများအတွက် ဒေါ်လာ သန်း ၂၅၀ ခွဲဝေပေးသွားမည်ဖြစ်ရာ ကလပ်အသင်းများအနေဖြင့် ကစားသမားတစ်ဦးချင်းစီ၏ စေလွှတ်မှုတစ်ရက်တာအတွက် ဒေါ်လာ ၅,၀၀၀ ဝန်းကျင် ရရှိမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၉၀၅ ပွဲတွင် ကစားသမားစေလွှတ်ခဲ့မှုအတွက်လည်း ဒေါ်လာ သန်း ၁၀၀ ထပ်မံခွဲဝေပေးရန် စီစဉ်ထားပြီး ကလပ်အသင်းများအနေဖြင့် တစ်ပွဲလျှင် ပျမ်းမျှဒေါ်လာ ၂,၃၆၀ ခန့် ရရှိမည်ဖြစ်သည်။ FIFA သည် ယခုအစီအစဉ်နှစ်ရပ်အတွက် စုစုပေါင်းဒေါ်လာ ၃၅၅ သန်း သုံးစွဲရန် လျာထားပြီး ကျန်ဒေါ်လာ ၅ သန်းကို ရုံးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များအတွက် အသုံးပြုမည်ဖြစ်ကာ အဆိုပါအသုံးပြုမည့် ငွေပမာဏသည် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲထက် ၇၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာကြောင်း သိရသည်။
Jun 07 • 3:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


