မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အများပြည်သူသွားလာနေသည့် လမ်းမပေါ်၌ ကတ်ကြေးကိုင်ဆောင်ကာ ရမ်းကားနေသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းလမ်းရှိ အရေပြားဆေးရုံရှေ့တွင် လူ့အသက်အန္တရာယ်ကို ဘေးဖြစ်စေနိုင်သည့် အရိုးအသွား (၈) လက်မခန့်ရှိ ဦးချွန်ကတ်ကြေးခြမ်းတစ်ဖက်ကို ကိုင်ဆောင်ကာ ရမ်းကားနေသဖြင့် ၎င်းနေရာအနီး နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ကိုသက်ပိုင်ဌေးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူအား ဘေးအန္တရာယ်ဖြစ်စေရန် ရမ်းကားခဲ့သူ ကိုသက်ပိုင်ဌေးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အများပြည်သူသွားလာသည့်လမ်းပေါ်၌ ကတ်ကြေးကိုင်ကာ ရမ်းကားနေသူတစ်ဦးကို ဖမ်းဆီး
Jun 07 • 3:12 AM
မြန်မာ
မွန်
မျှဝေမည်
| 29 | 0 | 0 | 0 |


