back

နေပြည်တော်တွင် မြန်မာ့ရိုးရာမုန့်များကို ဆိုင်ကြီးများ၌ တင်ရောင်းခြင်းနည်းသဖြင့် ရပ်ကွက်တွင်း စားသုံးသူများကိုသာ အဓိကအားထားနေရ

Jun 07 • 2:47 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် မြန်မာ့ရိုးရာမုန့်များကို ဆိုင်ကြီးများ၌ တင်ရောင်းခြင်းနည်းသဖြင့် ရပ်ကွက်တွင်း စားသုံးသူများကိုသာ အဓိကအားထားနေရ

နေပြည်တော်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ကြီးများတွင် တရုတ်၊ ထိုင်းနှင့် အနောက်တိုင်း အစားအသောက်များသာ ရောင်းအားကောင်းပြီး မြန်မာ့ရိုးရာမုန့်များကို တင်ရေ...

နေပြည်တော်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ကြီးများတွင် တရုတ်၊ ထိုင်းနှင့် အနောက်တိုင်း အစားအသောက်များသာ ရောင်းအားကောင်းပြီး မြန်မာ့ရိုးရာမုန့်များကို တင်ရောင်းချမှု မရှိသလောက် နည်းပါးသဖြင့် ရိုးရာမုန့်လုပ်ရောင်းသူများအနေဖြင့် ရပ်ကွက်တွင်းနှင့် ဈေးများရှိ ပုံမှန်စားသုံးသူများကိုသာ အဓိကအားထား၍ ရောင်းချနေရကြောင်း သိရသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင်ကြီးအချို့၌ နနွင်းမကင်းကဲ့သို့ မုန့်မျိုးကိုသာ ကောင်တာတွင် ချရောင်းလေ့ရှိပြီး အီကြာကွေး၊ နံပြား၊ ပလာတာနှင့် ပေါက်စီ စသည်တို့ကိုသာ အဓိကထားရောင်းချကြသော်လည်း ပြည်တွင်းဈေးများတွင်မူ ထန်းသီးမုန့်၊ ငှက်ပျောသီးမုန့်၊ မုန့်ပဲဆုတ်၊ မုန့်ဆီကျော်၊ မုန့်လုံးရေပေါ်၊ မုန့်ဗိုင်းတောင့်၊ မုန့်လိပ်ပြာနှင့် ကောက်ညှင်းထုပ် စသည့် ရိုးရာမုန့်မျိုးစုံကို သီးသန့်ရောင်းချသူများရှိကာ ပုံမှန်ဝယ်ယူစားသုံးသူများကြောင့် ရောင်းအား ပုံမှန်ရှိနေသည်။ မုန့်လုပ်ရောင်းချသူများ၏ ပြောပြချက်အရ ခေတ်ပေါ်အစားအစာအဆန်းများ မည်မျှပင် ရောင်းကောင်းစေကာမူ မြန်မာလူမျိုးများရှိနေသရွေ့ ရိုးရာမုန့်ပဲသရေစာများ ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ရပ်ကွက်များအတွင်း နံနက်ပိုင်း လှည့်လည်ရောင်းချရာတွင်လည်း နာရီပိုင်းအတွင်း ကုန်စင်အောင် ရောင်းချရလျက်ရှိကြောင်း သိရသည်။

news-view-count-icon

53