ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၁/၇) ဖာလုံတွင်၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် သတင်းရရှိရခြင်း ချက်ချင်းပင် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



