back

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေအိမ်များသို့ ရေဝင်ရောက်ခဲ့

Jun 07 • 2:27 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေအိမ်များသို့ ရေဝင်ရောက်ခဲ့

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးရပ်ကွက်အတွင်း ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၉ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း...

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးရပ်ကွက်အတွင်း ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၉ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ချက်ချင်းသွားရောက်ကာ ရေဘေးသင့်ပြည်သူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၄) ဦးနှင့် ၎င်းတို့၏ လူသုံးကုန်ပစ္စည်းများကို ဈေးရပ်ကွက်အတွင်းရှိ အမြင့်ပိုင်း ဆွေမျိုးများနေအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ရာ ည ၁၀ နာရီ ၃၆ မိနစ်အချိန်တွင် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

news-view-count-icon

19