back

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်အား ဇူလိုင်လတွင် တိုးချဲ့ပြေးဆွဲနိုင်ရန် ပြင်ဆင်

Jun 07 • 2:16 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်အား ဇူလိုင်လတွင် တိုးချဲ့ပြေးဆွဲနိုင်ရန် ပြင်ဆင်

မြန်မာ့မီးရထားအနေဖြင့် လက်ရှိ မြစ်ကြီးနား-မိုးကောင်းအထိသာ ပြေးဆွဲနေသည့် မီးရထားခရီးစဉ်ကို မိုးညှင်းမြို့အထိ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် လိုအပ်သည့် လမ်းပိုင်းပြ...

မြန်မာ့မီးရထားအနေဖြင့် လက်ရှိ မြစ်ကြီးနား-မိုးကောင်းအထိသာ ပြေးဆွဲနေသည့် မီးရထားခရီးစဉ်ကို မိုးညှင်းမြို့အထိ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် လိုအပ်သည့် လမ်းပိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မိုးကောင်း-မိုးညှင်းလမ်းပိုင်း (၅၂.၂၅) မိုင်တွင် လမ်းပိုင်းပြုပြင်မှု ၇၄ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက စက်ခေါင်းများ၊ ရိုးရိုးတန်းနှင့် အထက်တန်းလူစီးတွဲများပါဝင်သည့် တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း မီးရထားလမ်းပိုင်းများမှာ ၂၀၂၁ ခုနှစ်က ပျက်စီးမှုများကြောင့် ရပ်ဆိုင်းခဲ့ရသော်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်းကို ပြန်လည်ပြေးဆွဲပေးခဲ့ပြီး ယခုအခါ ခရီးသည်တိုးပွားလာမှုကြောင့် ခရီးစဉ်ကို မိုးညှင်းအထိ တိုးချဲ့ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

news-view-count-icon

49