ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် အများဆုံး ၂၀ အောင်စဆံ့သည့် တစ်ခါသုံး ပလတ်စတစ်ရေဘူးများကို ကွင်းအတွင်း ယူဆောင်ခွင့် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် မူလက ကွင်းအတွင်း ရေဘူးယူဆောင်ခွင့်ကို ပိတ်ပင်ခဲ့သော်လည်း ပရိသတ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများကြောင့် ယခုကဲ့သို့ မူဝါဒကို ပြန်လည်ပြင်ဆင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပြန်လည်အသုံးပြုနိုင်သည့် ဖန်ရေပုလင်းကဲ့သို့သော အမျိုးအစားများကိုမူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
Jun 07 • 2:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


