ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမတောင်ရပ်ကွက်၊ မြောက်မြို့ပတ်လမ်းတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်ခန့်က သစ်ပင်လဲကျ၍ နေအိမ်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့်လည်း မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် Hotline ၁၉၁၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဖုန်း ၀၁-၈၆၆၆၉၁၂၊ ၀၁-၈၆၆၆9၁၃ နှင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ဖုန်း ၀၅၂-၂၂၀၁၇၉၉၊ ၀၉-၆၉၈၉၅၄၇၉၂ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျပိမိသဖြင့် မီးသတ်တပ်ဖွဲ့က သွားရောက်ရှင်းလင်း
Jun 07 • 2:11 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 34 | 0 | 0 | 0 |


