back

ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ

Jun 07 • 1:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ

ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းသည် ကျပ်သိန်း ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များနှင့် ရောင်းဝယ်သူများထံမှ သိရသည်...

ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းသည် ကျပ်သိန်း ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များနှင့် ရောင်းဝယ်သူများထံမှ သိရသည်။ ဇွန်လ ၆ ရက် ဈေးကွက်ပေါက်ဈေးများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၈ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလလယ်ပိုင်းမှစတင်ကာ ဈေးနှုန်းအနည်းငယ်စီ တရိပ်ရိပ်ကျဆင်းလာခဲ့ပြီးနောက် ယခုကဲ့သို့ သိန်း ၁၀၀ အောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများ၏ ပြောကြားချက်အရ ဈေးနှုန်းပြန်လည်ကျဆင်းလာသည့် လက်ရှိအချိန်တွင် ဝယ်ယူသူများပြားနေပြီး ရွှေအရောင်းအဝယ် ပြန်လည်သွက်လက်နေကြောင်း သိရသည်။

news-view-count-icon

31