back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ပထမဆုရရှိသူ မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

Jun 07 • 1:41 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ပထမဆုရရှိသူ မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် ပထမဆုရရှိသူ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်ပွဲကို ဇွန်လ ၆...

မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် ပထမဆုရရှိသူ ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်ပွဲကို ဇွန်လ ၆ ရက်နေ့က တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပထမဆုရှင် မအိမ့်ချစ်သူအား ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ကော်မတီတို့က စုစုပေါင်း ဂုဏ်ပြုငွေကျပ်သိန်း ၂၉၀ ကျော်နှင့်အတူ Laptop ၊ ဆိုင်ကယ်နှင့် ဒိုင်းဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့ပြင် အခြားဆုရရှိသူများ၊ ပါဝင်ဖြေဆိုသူများနှင့် သံဃာတော်၊ သီလရှင်များအတွက်ပါ စုစုပေါင်း ဂုဏ်ပြုလှူဒါန်းငွေ ကျပ်သိန်း ၆၀၀ ကျော်ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

news-view-count-icon

29