back

မြန်မာအပါအဝင် ၃၉ နိုင်ငံအပေါ် ခိုလှုံခွင့် ဆိုင်းငံ့ပိတ်ဆို့မှုများကို အမေရိကန် ဖျက်သိမ်းခဲ့

Jun 07 • 1:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာအပါအဝင် ၃၉ နိုင်ငံအပေါ် ခိုလှုံခွင့် ဆိုင်းငံ့ပိတ်ဆို့မှုများကို အမေရိကန် ဖျက်သိမ်းခဲ့

အမေရိကန်၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ လာရောက်သူများ၏ ဗီဇာ၊ ခိုလှုံခွင့်နှင့် အကျိုးခံစားခွင့်များ ဆိုင်းငံ့ပိတ်ဆို့ထားမှုကို အမေရိကန် ခရိုင်...

အမေရိကန်၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ လာရောက်သူများ၏ ဗီဇာ၊ ခိုလှုံခွင့်နှင့် အကျိုးခံစားခွင့်များ ဆိုင်းငံ့ပိတ်ဆို့ထားမှုကို အမေရိကန် ခရိုင်တရားသူကြီးချုပ် John J. McConnell Jr. က ဇွန်လ ၅ ရက်နေ့တွင် စာမျက်နှာ ၁၃၅ မျက်နှာပါ စီရင်ချက်ဖြင့် ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။ ယခင်က သမ္မတ ထရမ့်အစိုးရသည် အဆိုပါ ၃၉ နိုင်ငံမှလူများ အမေရိကန်သို့ လာရောက်ခွင့် (Travel Ban) ကို ပိတ်ပင်ခဲ့သည့်အပြင် ရောက်ရှိနေပြီးသား ရွှေ့ပြောင်းနေထိုင်သူများ၏ အမြဲတမ်းနေထိုင်ခွင့် (Green Card)၊ နိုင်ငံရေးခိုလှုံခွင့် (Asylum) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားမှုများကိုပါ အမေရိကန် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) မှတစ်ဆင့် ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။ ယခု တရားရုံးအမိန့်အရ အစိုးရအနေဖြင့် အဆိုပါ ဗီဇာလျှောက်လွှာများကို ဆိုင်းငံ့ထားခြင်းမပြုရန် ချက်ချင်းတားမြစ်လိုက်ပြီး ပိတ်ဆို့ထားသည့် အဓိက အကျိုးခံစားခွင့်များဖြစ်သော နိုင်ငံရေးခိုလှုံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုများကို ချက်ချင်း ပြန်လည်ခွင့်ပြုပေးရတော့မည်ဖြစ်သည်။

news-view-count-icon

32