မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ (၇၈) လမ်းနှင့် (၇၉) လမ်းတို့ကို ဆက်သွယ်ပေးထားသည့် မန္တလေးဘူတာကြီး ဂုံးကျော်တံတားကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟုသိရသည်။ အဆိုပါတံတားသည် ပဋိပက္ခများကြောင့် ဖြတ်သန်းသွားလာခွင့် (၅)နှစ်နီးပါး ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ဂုံးကျော်တံတားသည် မန္တလေးမြို့ရှိ (၇၈)လမ်းနှင့် (၇၉)လမ်းတို့ကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။တံတားပြန်လည်ဖွင့်လှစ်ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဂုံးကျော်တံတား၏ ကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Jun 07 • 1:28 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 38 | 0 | 0 | 0 |


