မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဇွန်လ ၁၅ ရက်နေ့မှစတင်၍ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ကျင်းပမည့် လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့်ရာသီက ပါဝင်ခဲ့သော YREO အမျိုးသမီးအသင်း နုတ်ထွက်သွားခဲ့သည်။ သို့သော် အသင်းသစ်နှစ်သင်းဖြစ်သည့် ရတနာပုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ အသစ်ဝင်ရောက်လာခဲ့ကြသည်။ ထို့ကြောင့် ယခုရာသီတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်းအပါအဝင် ISPE၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lioness၊ မြဝတီ၊ ရန်ကုန်စီးတီး၊ ရတနာပုံနှင့် ဇွဲကပင် စသည့် စုစုပေါင်းအသင်း (၁၀) သင်းဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲထားသည့် ဧရာဝတီအသင်းမှာ လာမည့်ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင်းလည်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် YREO အသင်း နုတ်ထွက်ပြီး ရတနာပုံနှင့် ဇွဲကပင်အသင်းတို့ အသစ်ဝင်ရောက်ယှဉ်ပြိုင်မည်
Jun 06 • 1:01 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


