ဇွန်လ ၆ ရက် မွန်းလွဲပိုင်းကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများနှင့် ကျီးဖြူကန်မှ လျှံတက်လာသည့် ရေများကြောင့် ရွှေညောင်မြို့ရှိ တာယောချောင်း ရေလျှံခဲ့သည်။ ထိုသို့ ချောင်းရေလျှံမှုကြောင့် ချောင်းအောက်ခြေရှိ တောင်လေးလုံးကျေးရွာတွင် ယခင်က မကြုံဖူးလောက်အောင် ပြင်းထန်စွာ ရေကြီးခဲ့ပြီး တိုးဂိတ်မှ လမ်းပေါ်အထိ ရေကျော်ခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အိမ်အုတ်တံတိုင်းများ လဲပြိုခြင်း၊ အိမ်မွေးဝက်များ ရေထဲမျောပါခြင်းတို့ ဖြစ်ပွားခဲ့ကာ မိုးဆက်ရွာပါက အောက်ပိုင်းရပ်ကွက်များပါ ရေမြုပ်နိုင်ခြေ ရှိနေသည်။ အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင်လည်း ညနေပိုင်း မိုးကြီးမှုကြောင့် ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) ရှိ နေအိမ်အချို့အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ရွှေညောင် တာယောချောင်းရေလျှံမှုကြောင့် တောင်လေးလုံးတွင် ပြင်းထန်စွာ ရေကြီးပြီး လွိုင်လင်၌လည်း နေအိမ်များ ရေဝင်
Jun 06 • 12:59 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 42 | 0 | 0 | 0 |


