ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံအသီးသီးသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၃၀,၀၀၀ (၁ သိန်း ၃ သောင်း) ကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ထုတ်ပြန်ချက်စာရင်းဇယားများအရ သိရသည်။ယခုကဲ့သို့ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာပြီး ကုန်ပစ္စည်းအမြောက်အမြား သယ်ယူနိုင်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းကို အဓိကအားပြု၍ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။lမြန်မာ့ဆန်နှင့် ဆန်ကွဲများကို အာရှဒေသတွင်းနိုင်ငံများသာမက ဥရောပ၊ အာဖရိကနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများအထိပါ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ခဲ့သည်။
မေလအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဈေးကွက်ဖြန့်ကြက်
Jun 06 • 12:56 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Lida အထည်ချုပ်စက်ရုံ၌ All Super ၏ ဆဲဆိုမှုအပေါ် အရေးယူပေးရန် တောင်းဆိုမှု ၆ ရက်မြောက်အထိ မပြေလည်ဘဲ ပါဝင်သည့် အလုပ်သမားဦးရေ တိုးလာ
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိ ရွှေညောင် တာယောချောင်းရေလျှံမှုကြောင့် တောင်လေးလုံးတွင် ပြင်းထန်စွာ ရေကြီးပြီး လွိုင်လင်၌လည်း နေအိမ်များ ရေဝင်

