ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Lida အထည်ချုပ်စက်ရုံတွင် ညလုံးပေါက် အချိန်ပို (OT) ဆင်းရန် ငြင်းဆန်သည့် အလုပ်သမားများကို ဆဲဆိုခဲ့သော All Super ဖြစ်သူအား ရာထူးမှဖယ်ရှားပေးရန် သို့မဟုတ် အလုပ်ထုတ်ပေးရန် အလုပ်သမားများက ဇွန်လ ၁ ရက်နေ့မှစတင်၍ စုပေါင်းတောင်းဆိုခဲ့ကြရာ ဇွန်လ ၆ ရက် (ယနေ့) ၆ ရက်မြောက်နေ့အထိ တစ်စုံတစ်ရာ ပြေလည်မှုမရရှိသေးကြောင်း သိရသည်။ အဆိုပါ စုပေါင်းတောင်းဆိုမှုကို အလုပ်သမား ၁၀၆ ဦးဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း အလုပ်ရှင်ဘက်က နောက်ဆုံးသတိပေးချက် (Last Warning) သာ ပေးနိုင်ကြောင်း ပြောဆိုမှုကြောင့် သဘောတူညီမှုမရဘဲ လက်ရှိတွင် စက်ရုံရှိ အလုပ်သမားအားလုံးနီးပါး ပါဝင်ပူးပေါင်းလာရာ တောင်းဆိုသူဦးရေ ၁၈၄ ဦးအထိ တိုးလာခဲ့သည်။ ဒူဘိုင်းအခြေစိုက် "Splash" ကုန်အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေသည့် ၎င်းစက်ရုံတွင် အထက်လူကြီးများ၏ ဖိအားပေးစေခိုင်းမှုများကြောင့် အလုပ်ထွက်သွားသူများလည်းရှိနေပြီး၊ လက်ရှိအထိ နှစ်ဖက်ညှိနှိုင်းမှုများ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Lida အထည်ချုပ်စက်ရုံ၌ All Super ၏ ဆဲဆိုမှုအပေါ် အရေးယူပေးရန် တောင်းဆိုမှု ၆ ရက်မြောက်အထိ မပြေလည်ဘဲ ပါဝင်သည့် အလုပ်သမားဦးရေ တိုးလာ
Jun 06 • 12:53 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


