back

ပြိုင်ဘက်ကို လက်သီးဖြင့်ထိုးခဲ့သည့် Pacific Sun Far အသင်း ယူ-၁၉ ကစားသမားနှင့် ရန်ပွဲတွင်ပါဝင်သူ YRG ဂိုးနည်းပြတို့ကို လေးပွဲပယ်နှင့် ဒဏ်ကြေးချမှတ်

Jun 06 • 12:51 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ပြိုင်ဘက်ကို လက်သီးဖြင့်ထိုးခဲ့သည့် Pacific Sun Far အသင်း ယူ-၁၉ ကစားသမားနှင့် ရန်ပွဲတွင်ပါဝင်သူ YRG ဂိုးနည်းပြတို့ကို လေးပွဲပယ်နှင့် ဒဏ်ကြေးချမှတ်

MFF U-19 Futsal League 2026 ပြိုင်ပွဲအဖြစ် ပြီးခဲ့သည့် မေလ ၃၀ ရက်က ယှဉ်ပြိုင်ခဲ့သော YRG အသင်းနှင့် Pacific Sun Far အသင်းတို့ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို လက်သ...

MFF U-19 Futsal League 2026 ပြိုင်ပွဲအဖြစ် ပြီးခဲ့သည့် မေလ ၃၀ ရက်က ယှဉ်ပြိုင်ခဲ့သော YRG အသင်းနှင့် Pacific Sun Far အသင်းတို့ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို လက်သီးဖြင့်ထိုးကာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့် Pacific Sun Far အသင်းမှ ကစားသမား ဂွါဒီးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက လေးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ငွေကျပ်တစ်သိန်းခွဲ ချမှတ်ခဲ့ကြောင်း သိရသည်။အဆိုပါပွဲစဉ်အတွင်း YRG အသင်း၏ တိုက်စစ်ဆင်မှုကို လိုက်လံဖျက်ထုတ်ရာမှ အချင်းများခဲ့ကြရာ ကစားသမား ဂွါဒီးမှာ YRG အသင်းဂိုးသမားကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး၊ ထိုရန်ပွဲအတွင်း ဆက်လက်ပါဝင်ပတ်သက်ခဲ့သည့် YRG အသင်း၏ ဂိုးနည်းပြဖြစ်သူ ဦးအောင်ကျော်ရွှေကိုလည်း လေးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ငွေကျပ်တစ်သိန်းခွဲ တန်းတူချမှတ်ကာ အရေးယူခဲ့ကြောင်း သိရသည်။

news-view-count-icon

27