back

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

Jun 06 • 12:50 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ရန်ကုန်-ပြည်လမ်းဘေးနှင့် ဌာနလမ်းတို့တွင် ဇွန်လ ၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်က သစ...

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်ရှိ ရန်ကုန်-ပြည်လမ်းဘေးနှင့် ဌာနလမ်းတို့တွင် ဇွန်လ ၆ ရက် (ယနေ့) မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျပြီး လမ်းပိတ်နေသည့်နေရာသို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ကာ ပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။

news-view-count-icon

15