ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုးချဲ့ (၄) ရပ်ကွက်၊ ပိတောက်ရွှေဝါ (၂) လမ်းတွင် ဇွန်လ ၆ ရက် (ယနေ့) မွန်းလွဲ ၂ နာရီ ၁၃ မိနစ်အချိန်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁) စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်၍ လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ရှင်းလင်းပေးခဲ့
Jun 06 • 12:49 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 17 | 0 | 0 | 0 |


