back

မွန်ပြည်နယ်တွင် သံလွင်မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၈ လုံးအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ငွေကျပ် ၉ သိန်းကျော် ထောက်ပံ့

Jun 06 • 10:24 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်တွင် သံလွင်မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၈ လုံးအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ငွေကျပ် ၉ သိန်းကျော် ထောက်ပံ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံတန်းကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားကာ ကမ်းပါးပြိုကျမှုကြောင့် ဇွန်လ ၃ ရက်နေ့က ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၈ လု...

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံတန်းကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားကာ ကမ်းပါးပြိုကျမှုကြောင့် ဇွန်လ ၃ ရက်နေ့က ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၈ လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်) မှ စုစုပေါင်းငွေကျပ် ၉၀၂,၅၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ထောက်ပံ့မှုတွင် ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၈ လုံးအတွက် အိမ်ဆောက်ရန်ပုံငွေ တစ်လုံးလျှင် ကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၈ သိန်းနှင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု ၈ စုမှ လူဦးရေ ၂၅ ဦးအတွက် တစ်ဦးလျှင် ဆန်ဖိုးကျပ် ၅ ထောင်နှုန်းဖြင့် စုစုပေါင်း ကျပ် ၁၂၅,၀၀၀ တို့ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

26