back

ရှမ်းပြည်နယ်မြောက်ပိုင်းရှ်ိ ကောင်းတပ်ကျေးရွာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှ ထိခိုက်နစ်နာသူများအတွက် SSPP က ကျပ်သိန်း ၅၀၀ ကျော် ကူညီထောက်ပံ့

Jun 06 • 10:11 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်းရှ်ိ ကောင်းတပ်ကျေးရွာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှ ထိခိုက်နစ်နာသူများအတွက် SSPP က ကျပ်သိန်း ၅၀၀ ကျော် ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူများအတွက် ရှမ်း...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူများအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ကာလတန်ဖိုး ငွေကျပ်သိန်း ၅၀၀ ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ယနေ့ ဇွန်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ကျေးရွာ ၆ ရွာမှ အိမ်ခြေ ၆၀၀ ကျော် ထိခိုက်နစ်နာခဲ့ရပြီး SSPP က လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် ကောင်းတပ်၊ မန်ခမ်း၊ ပန်လုံ၊ ကောင်းနောင်စန့်၊ စယ်ဟိုင်းနှင့် ပန်ထိုလင် ကျေးရွာများရှိ အိမ်ခြေများအတွက် စုစုပေါင်း ငွေသားကျပ် သိန်း ၄၇၀ နှင့် ဆန်အိတ် ၅၀ တို့ကို ခွဲဝေလှူဒါန်းခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ပေါက်ကွဲမှုကြောင့် ကွယ်လွန်သွားခဲ့သည့် စာရေးတန်းရပ်ကွက်မှ အဖွားအိုတစ်ဦး၏ မိသားစုနှင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သော အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တို့အတွက်လည်း တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ သီးသန့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

22