ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ဖဲလောင်းကစားပြုလုပ်နေသူများကို ဇွန်လ ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဖဲကစားနေသူ ၁၀ ဦးနှင့် ဘေးမှရပ်ကြည့်နေသူ ၅ ဦး စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မဲခေါင်သတင်းအရ သိရသည်။ အဆိုပါ လောင်းကစားဝိုင်းသည် နေ့စဉ်လူဝင်လူထွက်များပြီး ညပိုင်းများတွင် ဆူညံသဖြင့် ဒေသခံများက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးမှုအတွင်း လောင်းကစားပစ္စည်းများနှင့် လောင်းကြေးငွေ ကျပ် ၁၂ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူအားလုံးကို တောင်ကြီးနယ်မြေရဲစခန်း၌ လောင်းကစားဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားပြီး၊ ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း အေးသာယာမြို့တွင် ဖဲကစားနေသည့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးအပါအဝင် ၄ ဦးကို ဖမ်းဆီးခဲ့ဖူးကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ဖဲကစားနေသူနှင့် ရပ်ကြည့်နေသူ စုစုပေါင်း ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ
Jun 06 • 10:08 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 27 | 0 | 0 | 0 |


