back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၌ ဓာတ်ကြိုးခိုးယူသည့် EPC ဝန်ထမ်း အပါအဝင် ၃ ဦးကို ဒေသခံများက သက်သေများနှင့်အတူ ဖမ်းဆီးမိ

Jun 06 • 10:06 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၌ ဓာတ်ကြိုးခိုးယူသည့် EPC ဝန်ထမ်း အပါအဝင် ၃ ဦးကို ဒေသခံများက သက်သေများနှင့်အတူ ဖမ်းဆီးမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကုန်းပေါ်ကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဗို့အား ၄၀၀ ရှိ အရှည်ပေ ၅၀၀ ခန့်ရှိသော ဓာတ်အားလိုင်းကြိုး ၄ ကြိုး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကုန်းပေါ်ကျေးရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ဗို့အား ၄၀၀ ရှိ အရှည်ပေ ၅၀၀ ခန့်ရှိသော ဓာတ်အားလိုင်းကြိုး ၄ ကြိုးကို ဖြတ်တောက်ခိုးယူခဲ့သည့် ကလောပင်မဓာတ်အားခွဲရုံမှ ဝန်ထမ်းတစ်ဦးနှင့် အပေါင်းပါ ၂ ဦးကို ဒေသခံများက ပြီးခဲ့သည့် မေလ ၂၈ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးမိခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ ကျေးရွာအတွင်း မီးမလာသဖြင့် လိုက်လံစုံစမ်းရာမှတစ်ဆင့် ခိုးယူသွားသည့် မီးကြိုးများနှင့်အတူ ပင်လောင်း–အောင်ပန်းလမ်း၊ နန်းအွန်ကျေးရွာအနီးတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ရဲတပ်ဖွဲ့ထက် ပိုမိုပြုပြင်ထိန်းသိမ်းရမည့် လျှပ်စစ်ဝန်ထမ်းကိုယ်တိုင် ခိုးယူမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများပြင်းထန်ခဲ့ကာ လက်ရှိတွင် ဖမ်းမိသူများကို PNO ပြည်သူ့စစ်မှတစ်ဆင့် ကလောမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

news-view-count-icon

29