back

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ထီအာမခံငွေများ ပြန်လည်ထုတ်ပေးမည်

Jun 06 • 10:01 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ထီအာမခံငွေများ ပြန်လည်ထုတ်ပေးမည်

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများထံမှ ပေးသွင်းထားသည့် အာမခံငွေ (Deposit) မ...

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများထံမှ ပေးသွင်းထားသည့် အာမခံငွေ (Deposit) များကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  ကြေညာထားသည်။ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ထီစာအုပ် ဝယ်ယူခွင့်ရရှိသူများနှင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုကာ ထီစာအုပ်တစ်အုပ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ၃ လစာအတွက် အာမခံငွေများ ပေးသွင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ သဘောတူစာချုပ်မှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက်သာ အကျုံးဝင်သဖြင့် ထီလုပ်ငန်းရှင်များ ပေးသွင်းထားသည့် အာမခံငွေများကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

news-view-count-icon

38