ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သည့် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားနှင့် ကုန်းဘောင်ခေတ် ဒင်္ဂါး ၃၂၈ ပြား အပ်နှံခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း ၅၄၀ ကျော် ချီးမြှင့်ပေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲကို ဇွန် ၅ ရက်က အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကျင်းပခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ 
Jun 06 • 8:37 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


