back

0 (သုည) ဒေါ်လာနဲ့ World Cup လက်မှတ်ရခဲ့တဲ့ ပရိသတ် ၆၀ ကို FIFA က ငွေ ပြန်ချေခိုင်းနေ

Jun 06 • 6:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

0 (သုည) ဒေါ်လာနဲ့ World Cup လက်မှတ်ရခဲ့တဲ့ ပရိသတ် ၆၀ ကို FIFA က ငွေ ပြန်ချေခိုင်းနေ

၂၀၂၆ FIFA World Cup ပြိုင်ပွဲအတွက် လက်မှတ်ဝယ်ယူရာမှာ FIFA ရဲ့ ဝက်ဘ်ဆိုက်စနစ် ချို့ယွင်းမှုကြောင့် ပရိသတ် ၆၀ ကျော်ဟာ လက်မှတ်တွေကို အခမဲ့ (0 USD) ဖြင့် ရရှိခဲ့ကြ...

၂၀၂၆ FIFA World Cup ပြိုင်ပွဲအတွက် လက်မှတ်ဝယ်ယူရာမှာ FIFA ရဲ့ ဝက်ဘ်ဆိုက်စနစ် ချို့ယွင်းမှုကြောင့် ပရိသတ် ၆၀ ကျော်ဟာ လက်မှတ်တွေကို အခမဲ့ (0 USD) ဖြင့် ရရှိခဲ့ကြပါတယ်။ဒီပြဿနာဟာ ငွေပေးချေမှုလုပ်ငန်းစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ အမှားတစ်ခုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်မှတ်တွေကို အခကြေးငွေ မကောက်ခံဘဲ ထုတ်ပေးမိခဲ့ကြောင်း FIFA က ထုတ်ပြန်ထားပါတယ်။ဒါကြောင့် 0 (သုည) ဒေါ်လာနဲ့ ဝယ်ယူရရှိခဲ့တဲ့ လက်မှတ်တွေကို ပယ်ဖျက်လိုက်ပြီး ရရှိခဲ့တဲ့ ပရိသတ်တွေအနေနဲ့ မူလသတ်မှတ်ဈေးနှုန်းအတိုင်း ပြန်လည်ဝယ်ယူဖို့ အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။။ ဝယ်ယူထားတဲ့ ထိုင်ခုံနံပါတ်နေရာတွေကို ယာယီသိမ်းဆည်းပေးထားမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း ငွေပေးချေမှု မပြုလုပ်ပါက အလိုအလျောက် ဖျက်သိမ်းသွားမှာဖြစ်ကြောင်း FIFA က ဆိုပါတယ်။အခုဖြစ်ရပ်ဟာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ရက်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး FIFA ရဲ့ လက်မှတ်ရောင်းချမှုစနစ်အပေါ် ဝေဖန်မှုတွေ ထပ်မံမြင့်တက်လာစေခဲ့ပါတယ်။


news-view-count-icon

40