သမ္မတ ဒေါ်နယ်ထရန့်၏အီရန်နိုင်ငံအား စစ်ရေးအရ ဆက်လက်တိုက်ခိုက်ခွင့်ကို ပိတ်ပင်ထားသော ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဇွန် ၄ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။အမေရိကန် အောက်လွှတ်တော်၏ ဇွန် ၄ ရက် မဲခွဲပွဲရလဒ်သည်သုံးလကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲနှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဘလီကန် ပါတီဝင်များအကြား စိုးရိမ်မှုများ တိုးပွားလာမှုလက္ခဏာကို ပြသလျက်ရှိသည်။အီရန်နိုင်ငံအား စစ်ရေးအရဆက်မတိုက်ရန် သမ္မတဒေါ်နယ်ထရန့်ကို ပိတ်ပင်ထားသော ဥပဒေကြမ်းကို အောက်လွှတ်တော်ကထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ် သည်။ အထက်ပါဥပဒေကြမ်းကို မဲခွဲရာတွင် အောက်လွှတ်တော် ဒီမိုကရက်တစ်လွှတ်တော်အမတ်များနှင့်အတူ ရီပတ်ဘလီကန် အမတ်လေးဦးကလည်း ထောက်ခံမဲ ပေးခဲ့ကြသည်။အမေရိကန် အောက်လွှတ်တော်က အတည်ပြုခဲ့သည့် အထက်ပါ စစ်ပွဲဆင်နွှဲခွင့် အာဏာဆိုင်ရာ
ဥပဒေကြမ်းတွင် ကွန်ဂရက်လွှတ်တော်က စစ်ကြေညာမှုမရှိခဲ့လျှင်၊စစ်အင်အားအသုံးပြုခွင့် မပေးခဲ့လျှင်အီရန်မှ အမေရိကန်တပ်များအားပြန်ရုပ်သိမ်းရန် သမ္မတဒေါ်နယ်ထရန့်ကို ညွှန်ကြားထားသည်။အထက်ပါ စစ်ပွဲဆင်နွှဲခွင့်အာဏာဆိုင်ရာ ဥပဒေကြမ်း အာဏာသက်ဝင်နိုင်ရေးအတွက်အထက်လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်နေဆဲ ဖြစ်သည်။အမေရိကန် အောက်လွှတ်တော်သည် ယခင်က အထက်ပါ ဥပဒေကြမ်းကို သုံးကြိမ်အထိ မဲခွဲခဲ့သော်လည်းအတည်ပြုနိုင်မှုမရှိခဲ့ပေ။



