စပါးအသင်းက လီဗာပူးလ်အသင်းနဲ့ လမ်းခွဲထားတဲ့ စကော့တလန်နောက်ခံလူ အန်ဒီရောဘတ်ဆန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူ
ခဲ့တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
ရောဘတ်ဆန်(၃၂ နှစ်)ဟာ လာမယ့် ဇူလိုင်လ ၁ ရက်မှာ စပါးအသင်းကစားသမားအဖြစ် တရားဝင်ဖြစ်လာပါလိမ့်မယ်။စပါးအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ရောဘတ်ဆန်ကို ခေါ်ယူဖို့ နီးစပ်ခဲ့တာဖြစ်ကာ လီဗာပူးလ်အသင်းက ရိုးမားထံ အငှားချထားတဲ့ ဆီမီကတ်စ်ကို ပြန်လည်မခေါ်ယူနိုင်လို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာဖြစ်တယ်။ရောဘတ်ဆန်ဟာ ၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီးကနေ လီဗာပူးလ်ကိုရောက်လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၃၇၈ ပွဲ ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် နှစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်အပါအဝင် ဆုဖလားကိုးလုံး ဆွတ်ခူးခဲ့ပါတယ်။စကော့တလန်အသင်းအတွက် ၉၂ ပွဲ ကစားထားပြီး လာမယ့်ကမ္ဘာ့ဖလားပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ယှဉ်ပြိုင်ပါလိမ့်မယ်။



