back

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

Jun 06 • 6:03 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအတွက် EOI ခေါ်ယူ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား ...

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ယခင်မန္တလေးစီးတီးဟိုတယ်နှင့် ဆက်စပ်အဆောက်အဦများအား သင့်လျော်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) များ ခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ အဆောက်အဦးများမှာ (၂၆ x ၂၇) လမ်းကြားနှင့် (၈၂ x ၈၃) လမ်းကြားရှိ မြေဧက (၁.၃၂၇၀) ဧကပေါ်တွင် တည်ရှိသည့် ယခင်မန္တလေးစီးတီးဟိုတယ် (RC-၄ ထပ်) နှင့် ဆက်စပ်အဆောက်အဦများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် EOI ပုံစံများကို တစ်စုံလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


news-view-count-icon

35