back

မြန်မာနိုင်ငံအတွင်း စက်သုံးဆီ သိုလှောင်ထားရှိမှု ရက် ၄၀ စာ သိုလှောင်ထားရှိကာသီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစီးရှိ

Jun 06 • 4:56 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံအတွင်း စက်သုံးဆီ သိုလှောင်ထားရှိမှု ရက် ၄၀ စာ သိုလှောင်ထားရှိကာသီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစီးရှိ

နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်း သိုလှောင်ထားမှုအနေဖြင့် ဓါတ်ဆီအုပ်စုတွင် ရက် (၄၀) ၊ ဒီဇယ်အုပ်စုတွင် ၅၄ ရက်အတွက် သိုလှောင်ထားရှိထားကြောင်း လျှပ်စစ်နှင့် စွမ်...

နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်း သိုလှောင်ထားမှုအနေဖြင့် ဓါတ်ဆီအုပ်စုတွင် ရက် (၄၀) ၊ ဒီဇယ်အုပ်စုတွင် ၅၄ ရက်အတွက် သိုလှောင်ထားရှိထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ သီလဝါတွင် ဆီချရန်ရောက်ရှိနေသည့် ဆီတင်သ‌‌င်္ဘောသုံးစင်း၊ လမ်းခရီးတွင်ရောက်ရှိနေသည့် တစ်စင်း၊ တစ်ဖက်နိုင်ငံဆိပ်ကမ်းတွင် ဆီတင်နေသည့် တစ်စင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် ငါးစင်း စုစုပေါင်း ၁၀ စင်းရှိပြီး အစီအစဉ်အတိုင်း စက်သုံးဆီ ပုံမှန်ဝင်ရောက်လျှက်ရှိကြောင်းလည်း သိရသည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများ လုံလောက်စွာသုံးစွဲနိုင်‌ရေးတွက် အစဉ်တစိုက် စီမံဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။

ရန်ကုန်မြို့ သီလဝါရှိ စက်သုံးဆီတင် သ‌င်္ဘောများရောက်ရှိနေပြီး ဆီတန်ချိန် လာရောက်ချထား တန်ချိန်ကိုက်ညီမှုရှိမရှိ အရည်သွေး အခြေအနေများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက သွားရောက်ကြည့်ရူစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။


news-view-count-icon

66