back

ပြည်တွင်းရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချခဲ့ပြီး စုစုပေါင်း အဆောက်အအုံ ၃၆ လုံးထိ ဖြိုချပြီးဖြစ်

Jun 06 • 3:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချခဲ့ပြီး စုစုပေါင်း အဆောက်အအုံ ၃၆ လုံးထိ ဖြိုချပြီးဖြစ်

ပြည်တွင်းရှိရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချခဲ့ပြီး စုစုပေါင်း...

ပြည်တွင်းရှိရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချခဲ့ပြီး စုစုပေါင်း အဆောက်အအုံ ၃၆ လုံးထိ ဖြိုချပြီးဖြစ်ကြောင်း သိရသည်။အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ဇွန် ၅ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ် လူနေအဆောက်အအုံ သုံးလုံးကို ထပ်မံ၍ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။


news-view-count-icon

33