ပဲခူးတိုင်း၊ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာတွင် အရွယ်မရောက်သေးသည့် ကလေးငယ် ၃ ဦးအပါ မိသားစုဝင် ၅ ဦး အသ-တ်ခံခဲ့ရသည်ဟု ဒေသခံများထံမှသိရှိရသည်။ မိသားစုဝင် ၅ ဦးမှာ ဇွန် ၁ ရက်နေ့က အသ-တ်ခံရခြင်းဖြစ်သော်လည်း အသတ်ခံရသည်ကို ဇွန် ၃ ရက်နေ့မှ ပတ်ဝန်းကျင်မှသိရှိခဲ့သည်ဟု ရွှေဘုံသာကျေးရွာနေသူများကပြောကြားသည်။ အငယ်ဆုံး ၄ နှစ်သားလေးဟာ ဦးခေါင်းဒဏ်ရာများနှင့် မသေပဲ အသက်ရှင်လျက် အလောင်းတွေကြားမှာ နှစ်ညနဲ့တစ်ရက်နေခဲ့ရပြီး ပတ်ဝန်းကျင်ကသိရှိချိန် ဆေးရုံတင်ပြီးမှသာဆေးရုံမှာ ဆုံးပါးသွားခဲ့ရပါတယ်ဟု ရွှေဘုံသာကျေးရွာနေသူတစ်ဦးကပြောကြားသည်။ သေဆုံးသွားသူများမှာ ၃၈ နှစ်အရွယ်အမျိုးသမီး ၁ ဦး ၊၅၇ နှစ်အရွယ်အမျိုးသမီး ၁ ဦး၊၈ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး၊ ၁၁နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးတို့ ဖြစ်ကြသည်။ သေဆုံးသွားသည့် ၅ ဦးထဲမှ အမျိုးသမီး ၃ ဦးတွင် အဓ္ဓမပြုကျင့်ခံထားရသည်ကို တွေ့ရှိရသည်ဟုဒေသတွင်းသတင်းထွက် ပေါ်လျှက်ရှိသည်။ မိသားစုဝင် ၅ ဦး၏ရုပ်အလောင်းကို ဇွန် ၄ ရက်နေ့က ရွေဘုံသာကျေးရွာတွင်တပြိုင်တည်းမီးရှို့သင်္ဂြိုလ်ခဲ့သလိုသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိတွင် တရားခံများကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီးအကြောင်းရင်းအတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။



