ဘာစီလိုနာဆယ်ကျော်သက်တိုက်စစ်ကစားသမား လာမင်းယမားလ်က လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်
ဆွတ်ခူးခဲ့ပါတယ်။၎င်းဟာ ဘာစီလိုနာအသင်းရဲ့ ၂၉ ကြိမ်မြောက် လာလီဂါချန်ပီယံခရီးလမ်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ကာ
ယမားလ်(၁၈ နှစ်)အနေနဲ့ လာလီဂါ ၂၈ ပွဲကစားရာမှာ ၁၆ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးခဲ့ပါတယ်။အခုရာသီ လာလီဂါမှာ ယမားလ်ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများတာဆိုလို့ ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ(၃၀ ဂိုး)ပဲ ရှိခဲ့ပါတယ်။ယမားလ်ဟာ ဒီဆုကို ဘာစီလိုနာကစားသမားတွေထဲက စတုတ္ထမြောက်ရရှိသူ ဖြစ်လာခဲ့ပါတယ်။၂၀၀၈-၀၉ ရာသီက စတင်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို မက်ဆီက ကိုးကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး စတီဂန်၊ ရာဖင်ညာတို့လည်း ရရှိခဲ့ဖူးပါတယ်။



