back

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို MFF သတင်းမထုတ်ပြန်

Jun 06 • 12:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို MFF သတင်းမထုတ်ပြန်

၂၀၂၆ ဖိလစ်ပိုင် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပွဲကြိုသတ...

၂၀၂၆ ဖိလစ်ပိုင် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီနေ့ညနေပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဒီကနေ့ မြန်မာစံတော်ချိန် ည (၉) နာရီ (ဒေသစံတော်ချိန် ည ၁၀ နာရီခွဲ) အထိ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။ဇွန်လ5ရက်နေ့ညနေပိုင်း မနီလာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း၊ အသင်းခေါင်းဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့သလို အိမ်ရှင်ဖိလစ်ပိုင်အသင်း နည်းပြ ကားလက်စ်ကူဒရက်နဲ့ အသင်းခေါင်းဆောင် ကိုးလ်မရိုကာတို့လည်း တက်ရောက်ခဲ့တာကို ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ် (PFF) ရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။ PFF ရဲ့ သတင်းထုတ်ပြန်မှုတွေထဲမှာတော့ ဂူအမ်အသင်း နည်းပြနဲ့ အသင်းခေါင်းဆောင်တို့ တက်ရောက်ခဲ့တာကို မတွေ့မြင်ခဲ့ရပါဘူး။မြန်မာ့လက်ရွေးစင်အသင်းဟာ မနက်ဖြန် (ဇွန် ၆) ညနေ (၆) နာရီမှာ ဂူအမ်အသင်း၊ ဇွန် (၉) ရက်၊ ညနေ (၆) နာရီမှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

news-view-count-icon

48