ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ နာရာ (Nara) မှာ အမိုက်စားဓာတ်ပုံတစ်ပုံရဖို့အတွက် သမင်တစ်ကောင်ကို ခွစီးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာလှည့်ခရီးသွားတစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ထိုအမျိုးသမီးဟာ မြန်မာလူမျိုးဖြစ်နေပါတယ်။ သမင်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ အဲဒီသမင်ဟာ ကားအက်ဆီးဒင့်ကြောင့် ရှေ့ခြေထောက်တစ်ဖက် ကျိုးထားလို့ လှုပ်ရှားရခက်ခဲနေရှာတဲ့ သမင်တစ်ကောင် ဖြစ်နေတာပါပဲ။ စေတနာ့ဝန်ထမ်းတွေကတော့ ဒါဟာ တိရစ္ဆာန်အပေါ် ညှဉ်းပန်းနှိပ်စက်တဲ့ ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချထားပါတယ်။ လက်ရှိမှာတော့ ဒီဗီဒီယိုဟာ ကြည့်ရှုသူ ၆ သိန်းကျော်အထိ ရှိသွားခဲ့ပြီး ဂျပန်အင်တာနက်အသုံးပြုသူတွေကြားထဲမှာလည်း တိရစ္ဆာန်အပေါ် အကြင်နာတရားမဲ့တဲ့ ဒီလိုလုပ်ရပ်အပေါ် ဒေါသတကြီးနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြနေကျပါ တယ်။
မြန်မာအမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရနေတဲ့ သမင်ကို အတင်းခွစီးမှုကြောင့် ဂျပန်လူမျိုးများရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံနေရ
Jun 05 • 12:16 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 62 | 0 | 0 | 0 |


