ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဆီဆုံလမ်းတွင် ဇွန်လ ၄ ရက် (မနေ့ည) ညဉ့်နက်ပိုင်းက မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် လမ်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားကာ Mingalar Wholesaleဆန်ဆိုင်အတွင်းသို့ ရေများဝင်ရောက်ကာ မြုပ်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကြောင့် ဆိုင်အတွင်း အောက်ခြေတွင် စီထားသည့် ပေါ်ဆန်းမွှေးဆန် အများစုပါဝင်သော ဆန်အိတ်ရေ ၁၂၀ ကျော် ရေစိုပျက်စီးခဲ့ရပြီး ခန့်မှန်းခြေ ကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရကာ အဆိုပါ ရေထိထားသည့် ဆန်များကို မုန့်ဖတ်ဖိုများနှင့် အရက်ချက်စက်ရုံများသို့ ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်စပ်ယူရောင်းချရန်အတွက် ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တွင် မိုးကြီးမှုကြောင့် စမ်းချောင်းရှိ ဆန်ဆိုင်တစ်ဆိုင် ရေမြုပ်ပြီး ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိ ဆန်အိတ်များ ပျက်စီးဆုံးရှုံး
Jun 05 • 10:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 30 | 0 | 0 | 0 |


