back

လူကုန်ကူးမှုကင်းစင်ပြီး ဘေးကင်းလုံခြုံသော ခရီးသွား ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မှသာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်

Jun 05 • 10:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လူကုန်ကူးမှုကင်းစင်ပြီး ဘေးကင်းလုံခြုံသော ခရီးသွား ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မှသာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်

လူကုန်ကူးမှုကင်းစင်ပြီး ဘေးကင်းလုံခြုံသော ခရီးသွားပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မှသာ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း မွန်ပြ...

လူကုန်ကူးမှုကင်းစင်ပြီး ဘေးကင်းလုံခြုံသော ခရီးသွားပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မှသာ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ Strand Hotel ၌ ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံမှု၊ တည်ငြိမ်မှုနှင့် လူ့အခွင့်အရေး လေးစားမှုတို့သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ယူမှုရှိပြီး လူကုန်ကူးမှုကင်းစင်သည့် ခရီးသွားဒေသများ ဖြစ်လာစေရန် ဖန်တီးခြင်းဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းလှည့်လည်သူများ၏ ယုံကြည်မှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောဆိုခဲ့သည်ဟု သိရသည်။

news-view-count-icon

35