ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာမှ ပအိုဝ်းတိုင်းရင်းသူ ၁၄ ဦးသည် TikTok ပေါ်မှ လစာကောင်းသည့် အလုပ်ခေါ်စာများကိုယုံကြည်ကာ လိုက်ပါသွားခဲ့ရာမှ မူဆယ်မြို့ရှိ ဂိုထောင်တစ်ခုတွင် ၂ လနီးပါး ပိတ်လှောင်ခံရပြီး တရုတ်နိုင်ငံသို့ ရောင်းစားခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ထိုသို့ပိတ်လှောင်ခံထားရစဉ်အတွင်း အမျိုးသမီး ၁၀ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျေးရွာသို့ အကူအညီတောင်းခံခဲ့သဖြင့် တောင်လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းနှင့်အဖွဲ့က မူဆယ်မြို့သို့ ကိုယ်တိုင်သွားရောက်ကာ ၎င်းတို့ ၁၀ ဦးအား ဇွန်လ ၄ ရက်တွင် နေရပ်သို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း မဲခေါင်သတင်းအရ သိရသည်။ အဆိုပါဂိုထောင်အတွင်း ဖုန်းနှင့်မှတ်ပုံတင်များ သိမ်းဆည်းခံထားရသည့် အမျိုးသမီး ၅၀ ခန့်ရှိနေပြီး ယခုထွက်ပြေးမှုကြောင့် နေရာရွှေ့ပြောင်းခံလိုက်ရသည့် ကျန်ရှိနေသူ ပင်လောင်းဒေသခံ အမျိုးသမီး ၄ ဦးကို ကယ်ဆယ်နိုင်ရေးအတွက် မိသားစုဝင်များနှင့် ဒေသခံများက အထူးစိုးရိမ်ကာ သက်ဆိုင်ရာအား အကူအညီတောင်းခံထားကြသည်။
လူကုန်ကူးအန္တရာယ်ကြုံရသည့် ပအိုဝ်းတိုင်းရင်းသူ ၁၀ ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် မူဆယ်သို့သွားရောက်ကယ်တ
Jun 05 • 10:50 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


