မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီက နတ်ကြီးချောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပခဲ့ကြောင်း ရာမညတိုင်းမ်သတင်းအေဂျင်စီအရ သိရသည်။ ဒေသတွင်း အပူချိန်လျော့ကျစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေဘဲ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူးကာ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Jun 05 • 10:47 AM
မြန်မာ
မွန်
မျှဝေမည်
| 22 | 0 | 0 | 0 |


