ယခုတစ်ပတ် ဇွန်လ ၅ ရက်မှ ၁၁ ရက်အထိ အကျုံးဝင်မည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ၇,၃၅၄ ကျပ် သတ်မှတ်ထားကြောင်း စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။အဆိုပါဈေးနှုန်းမှာ ယခင်တစ်ပတ်က သတ်မှတ်ထားသည့် တစ်ပိဿာ ၇,၃၈၇ ကျပ်နှင့် နှိုင်းယှဉ်ပါက ၃၃ ကျပ် လျော့ကျလာခြင်းဖြစ်သည်။၂၀၂၆ ခုနှစ်အတွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆,၄၀၀ ဝန်းကျင်၊ ဖေဖော်ဝါရီလတွင် ကျပ် ၆,၆၀၀ ဝန်းကျင်၊ မတ်လတွင် ကျပ် ၆,၆၄၀ ဝန်းကျင်ရှိခဲ့သည်။ 
Jun 05 • 10:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


