back

မကွေးတိုင်းဒေသကြီး၊စကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၂၀၈ ဦး တက်ရောက်ပညာသင်ကြား

Jun 05 • 10:37 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊စကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၂၀၈ ဦး တက်ရောက်ပညာသင်ကြား

မကွေးတိုင်းဒေသကြီး၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူ စုစုပေါင်း ၂၀၈ ဦး တက်ရောက...

မကွေးတိုင်းဒေသကြီး၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူ စုစုပေါင်း ၂၀၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ကျောင်း၏ ပထမနှစ် Grade-10 တွင် စက်မှုဘာသာရပ် ၂၇ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၇ ဦးနှင့် မွေးမြူရေးဘာသာရပ် ၃ ဦး တက်ရောက်လျက်ရှိသည်။ ဒုတိယနှစ် Grade-11 တွင် စက်မှုဘာသာရပ် ၄၆ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၅ ဦးနှင့် မွေးမြူရေးဘာသာရပ် ၁၃ ဦး တက်ရောက်လျက်ရှိပြီး တတိယနှစ် Grade-12 တွင် စက်မှုဘာသာရပ် ၄၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၂ ဦးနှင့် မွေးမြူရေးဘာသာရပ် ၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21